IT ခေတ်မှာအလုပ်တွေ ပိုရှုပ်နေရင် မှားနေပြီ

October 26, 2025

လူတွေအရင်က တစ်နေရာနဲ့တစ်နေရာလမ်းလျှောက်ပြီးသွားကြတယ်

bus ကား၊ ရထားတွေ၊ ဆိုင်ကယ်တွေ၊ စက်ဘီးတွေ၊

ပေါ်လာတော့ တော်ရုံလမ်းမလျှောက်ကြတော့ဘူး

အရင်က ဆိုင်ဖွင့်ပြီး ကုန်ပစ္စည်းတွေရောင်းတယ်

social media တွေပေါ်လာတော့ ဆိုင်မှာတင်မက

online ကပါရောင်းလာကြတယ်

လူတွေ website တွေအနည်းငယ်သုံးတက်လာကြပြီဆိုတော့

စျေးသက်သာတဲ့ product showcase တစ်ခုလုပ်ထားပြီး

stock ရှိသေးလား ဘာပစ္စည်းတွေရလဲ

message box ကနေမေးစရာမလိုတော့အောင်

ပြင်ထားလို့ရပါတယ်။


ဒါပေမဲ့ အဲ့ဒီမှာ ရပ်နေလို့ မရသေးပါဘူး။

Website မှာ Stock ရှိတာ တွေ့ပြီးတာနဲ့ Chat Box ကို ပြန်လာပြီး

"ဒါလေး တစ်ခုယူမယ်"၊ "ဘယ် Bank ကနေ လွှဲရမလဲ"၊ "လိပ်စာပို့မယ်" ဆိုပြီး

လူကိုယ်တိုင် Manual ပြန်လုပ်နေရသေးရင်၊

ဒါဟာ "ဆိုင်ကယ်ကို တွန်းပြီး" သွားနေသလိုပါပဲ။


IT ခေတ်မှာ တကယ့် ထိရောက်တဲ့ Digital System ဆိုတာက

အဲ့ဒီအဆင့်တွေကိုပါ အလိုအလျောက် ဖြစ်သွားစေတာပါ။

Customer က ပစ္စည်းတွေ့တယ်၊ 'ဝယ်မယ်' နှိပ်တယ်၊ ပိုက်ဆံရှင်းတယ်၊ လိပ်စာဖြည့်တယ်။

ဒီအချက်အလက်အားလုံးက ကိုယ့်ဆီက Management System ထဲကို

အချက်အလက်ပြည့်စုံစွာနဲ့ အဆင်သင့် ရောက်လာရမှာပါ။

Admin က Chat Box မှာ စာတစ်ကြောင်းမှ ပြန်ရိုက်စရာမလိုဘဲ

စာရင်းလိုက်မှတ်စရာမလိုဘဲ Order တွေ တန်းဝင်လာမှာပါ။


စဉ်းစားကြည့်ပါ၊ ကိုယ်အိပ်နေတဲ့အချိန်၊

ကိုယ် မိသားစုနဲ့ ခရီးသွားနေတဲ့အချိန်မှာတောင်

Customer က Website (သို့) App ကနေ သူ့ဘာသာသူ ဝင်ဝယ်၊

ပိုက်ဆံရှင်းပြီး Order တွေက အလိုလို ဝင်နေမယ်။

မနက်မိုးလင်းတာနဲ့ "Chat Box မှာ ဘယ်နှယောက် ဖြေရမလဲ"

စဉ်းစားရမှာ မဟုတ်ဘဲ၊ "ဒီနေ့ Order ဘယ်နှခု ပို့ရမလဲ" ဆိုတာကိုပဲ တန်းကြည့်နိုင်ပါမယ်။


ဒါမှ IT ကို "ကိရိယာ (Tool)" တစ်ခုအနေနဲ့ အကျိုးရှိရှိ သုံးတာပါ။

IT ကိုသုံးပြီး ကိုယ်တိုင်က ပိုပင်ပန်းနေရတယ်၊ Admin ကုန်ကျစရိတ်တွေ ပိုတက်လာတယ်၊

အလုပ်ပိုရှုပ်လာတယ်ဆိုရင်တော့ ကိုယ်သုံးနေတဲ့ System တစ်နေရာရာမှာ မှားယွင်းမှု (သို့) လိုအပ်ချက် ရှိနေပါပြီ။


Profile picture

Written by Yannainglin who lives and works in Mawlamyine building nothing. Facebook Profile

© 2025, Yan Naing Lin